|

အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ဘာတွေလိုအပ်လဲ။

အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ဘာတွေလိုအပ်လဲ။


အလုပ်ခွင်မှာ ကိုယ့်အလုပ်ကို ကျွမ်းကျင်ရုံနဲ့ မလုံလောက်ပါဘူး။
Skill နဲ့ Experience တွေအပြင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လိုဆက်ဆံပြီး ဘယ်လိုပူးပေါင်းလုပ်ဆောင်သလဲဆိုတာလည်း အရေးကြီးပါတယ်။

ဆက်ဆံရေးကောင်းမွန်ရင် Teamwork ပိုကောင်းလာပြီး အလုပ်ကိုလည်း ပိုမိုအဆင်ပြေစွာ လုပ်ဆောင်နိုင်ပါတယ်။ ✨

1️⃣ တစ်ယောက်နဲ့တစ်ယောက် လေးစားပါ

အလုပ်ခွင်မှာ လူတိုင်းရဲ့ ရာထူး၊ အသက်၊ အတွေ့အကြုံနဲ့ အလုပ်လုပ်ပုံတွေ မတူညီနိုင်ပါဘူး။

ကိုယ့်ထက် ရာထူးနိမ့်တယ်၊ အတွေ့အကြုံနည်းတယ်ဆိုပြီး အထင်သေးတာမျိုး မလုပ်သင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် လေးစားစွာ ဆက်ဆံခြင်းက ကောင်းမွန်တဲ့ Workplace Relationship ရဲ့ အခြေခံဖြစ်ပါတယ်။

2️⃣ သူများပြောတာကို နားထောင်ပေးပါ 👂

Communication ဆိုတာ စကားပြောတတ်ရုံနဲ့ မပြီးပါဘူး။ ကိုယ့်အမြင်ကိုပဲ ပြောနေမယ့်အစား တစ်ဖက်လူရဲ့ အမြင်နဲ့ အကြံပြုချက်တွေကိုလည်း သေချာနားထောင်ပေးဖို့ လိုပါတယ်။

တစ်ခါတလေ ကိုယ်မမြင်မိတဲ့အချက်တွေကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပိုကောင်းကောင်း မြင်ပေးနိုင်ပါတယ်။ ဒါကြောင့် နားထောင်တတ်ခြင်းကလည်း အရေးကြီးတဲ့ Communication Skill တစ်ခု ဖြစ်ပါတယ်။

3️⃣ အကူအညီပေးတတ်ပါ 🤝

လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်များနေတဲ့အခါ ကိုယ်တတ်နိုင်တဲ့အပိုင်းမှာ ကူညီပေးပါ။

ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်နဲ့ တာဝန်တွေကို ထိခိုက်တဲ့အထိ အားလုံးကို လိုက်လုပ်ပေးစရာတော့ မလိုပါဘူး။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်း အချင်းချင်း ကူညီပေးတတ်ခြင်းက Teamwork ကောင်းတစ်ခု ဖြစ်လာစေပါတယ်။

4️⃣ အတင်းအဖျင်းတွေကို ရှောင်ပါ 🚫


အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း ပြောဆိုတာတွေ၊ Gossip တွေကို ကြားရတတ်ပါတယ်။

ခဏတာ စိတ်ဝင်စားစရာကောင်းပေမယ့် အတင်းအဖျင်းတွေက တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သူများအကြောင်း မလိုအပ်ဘဲ ပြောဆိုတာထက် Professional Communication ကို ဦးစားပေးသင့်ပါတယ်။

5️⃣ အမြင်မတူတဲ့အခါ Professional ဖြစ်ပါ

အလုပ်လုပ်တဲ့အခါ လူတိုင်းနဲ့ အမြင်တူနေမှာ မဟုတ်ပါဘူး။

အမြင်မတူတဲ့အခါ—

❌ တစ်ဖက်လူကို မကြိုက်တော့တာ
❌ စိတ်ဆိုးပြီး စကားများတာ
❌ အပြစ်ပုံချတာ မျိုးတွေ မလုပ်ဘဲ လူကို တိုက်ခိုက်တာမဟုတ်ဘဲ ပြဿနာနဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်ပြီး ဆွေးနွေးသင့်ပါတယ်။

သဘောထားမတူတာက ပြဿနာမဟုတ်ပါဘူး။ သဘောထားမတူတဲ့အခါ ဘယ်လိုပြောဆိုပြီး ဘယ်လိုညှိနှိုင်းဖြေရှင်းသလဲဆိုတာက ပိုအရေးကြီးပါတယ်။

💡 ဒါဆို အလုပ်ခွင်မှာ လူတိုင်းနဲ့ အရမ်းခင်ဖို့ လိုအပ်လား။

❌ မလိုအပ်ပါဘူး။

အလုပ်ခွင်မှာ လူတိုင်းနဲ့ Best Friend ဖြစ်ဖို့ မလိုပါဘူး။ ဒါပေမယ့်—

✔️ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိခြင်း
✔️ ရိုးသားစွာ ဆက်သွယ်ပြောဆိုခြင်း
✔️ Teamwork ကောင်းကောင်း လုပ်ဆောင်နိုင်ခြင်း
✔️ ကိုယ့်ရဲ့ Personal Boundary ကို သိရှိခြင်း
✔️ အမြင်မတူတဲ့အခါ ညှိနှိုင်းဖြေရှင်းတတ်ခြင်း တို့ကတော့ အရေးကြီးပါတယ်။

🌟 အရေးကြီးဆုံးကတော့…

Skill က ကိုယ့်ရဲ့ အရည်အချင်းကို ပြသပေးပြီး Communication နဲ့ Attitude က ကိုယ့်ရဲ့ Professionalism ကို ဖော်ပြပေးပါတယ်။

ဒါကြောင့် Skill တိုးတက်အောင် လုပ်ဆောင်သလို လူတွေနဲ့ လေးစားစွာဆက်ဆံခြင်း၊ နားထောင်တတ်ခြင်းနဲ့ မတူညီတဲ့အမြင်တွေကို Professional ဆန်ဆန် ဖြေရှင်းတတ်ခြင်းတွေကိုလည်း လေ့ကျင့်ထားသင့်ပါတယ်။

🤝 ကောင်းမွန်တဲ့ Workplace Relationship က Teamwork၊ ယုံကြည်မှုနဲ့ Career Growth ကို အထောက်အကူပြုပါတယ်။ 🌱💼


📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။

AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416
, +65 8899 0447 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More