|

🇸🇬 Interview မှာ မေးခွန်းမေးခွင့်ရတဲ့အခါ ဘာမေးရင် Professional ဖြစ်မလဲ

🇸🇬 Interview မှာ မေးခွန်းမေးခွင့်ရတဲ့အခါ ဘာမေးရင် Professional ဖြစ်မလဲ

Interview ပြီးခါနီးမှာ Interviewer က…

“Do you have any questions for us?”
လို့ မေးလာတဲ့အခါ…

“မရှိပါဘူး” လို့ပဲ ပြန်ဖြေလိုက်မိပါသလား..

တကယ်တော့ ဒီအချိန်က ကိုယ့်ရဲ့ စိတ်ဝင်စားမှု၊ ပြင်ဆင်ထားမှုနဲ့ Professionalism ကို ထပ်မံပြသနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ 💼

ဒါကြောင့် မေးခွန်းမေးခွင့်ရတဲ့အခါ ဒီလိုမေးကြည့်ပါ။ 👇

၁။ ဒီ Position ရဲ့ အဓိကတာဝန်တွေက ဘာတွေလဲ

“Could you tell me more about the main responsibilities of this position?” လို့ မေးနိုင်ပါတယ်။

👉 ဒီလိုမေးတာက ကိုယ်လျှောက်ထားတဲ့အလုပ်ကို တကယ်နားလည်ချင်တယ် ဆိုတာ ပြသနိုင်ပါတယ်။

၂။ ဒီအလုပ်မှာ အောင်မြင်ဖို့ ဘာတွေလိုအပ်လဲ

“What qualities are you looking for in the person for this position?” လို့ မေးနိုင်ပါတယ်။

ဒီမေးခွန်းက ကိုယ့်အတွက်လည်း အကျိုးရှိပါတယ်။

👉 အလုပ်ရှင်က ဘယ်လိုလူမျိုးကို လိုချင်တာလဲဆိုတာ သိနိုင်ပါတယ်။

၃။ အလုပ်ဝင်ပြီးနောက် ဘယ်လို Training ပေးပါသလဲ

“Is there any training provided for new employees?” လို့ မေးနိုင်ပါတယ်။

👉🏻 အထူးသဖြင့် လုပ်ငန်းအတွေ့အကြုံနည်းတဲ့သူတွေအတွက် ဒီမေးခွန်းက အသုံးဝင်ပါတယ်။

၄။ အလုပ်ခွင်မှာ ဘယ်လို Team နဲ့ လုပ်ရမလဲ။

“Could you tell me more about the team I would be working with?” လို့ မေးနိုင်ပါတယ်။

👉 ကိုယ်လုပ်ရမယ့် အလုပ်ပတ်ဝန်းကျင်ကို ကြိုတင်နားလည်နိုင်ပါတယ်။

၅။ နောက်တစ်ဆင့်က ဘာဖြစ်မလဲ။

Interview ပြီးတဲ့အခါ…

“May I know what the next step in the hiring process will be?” လို့ မေးနိုင်ပါတယ်။

⚡ ဒီမေးခွန်းက ကိုယ့်အနေနဲ့ ဒီအလုပ်အပေါ် တကယ်စိတ်ဝင်စားတယ် ဆိုတာကိုလည်း ပြသနိုင်ပါတယ်။

⚠️ ဒါတွေကိုတော့ အလျင်မမေးသင့်ပါဘူး

💰 လစာဘယ်လောက်ရမလဲ…
🏖️ ပိတ်ရက်ဘယ်နှရက်ရလဲ…
⏰ အလုပ်စောစောဆင်းလို့ရလား…

လိုမျိုး ကိုယ့်အကျိုးအမြတ်ကိုပဲ အဓိကထားတဲ့မေးခွန်းတွေကို မေးတာထက်…

👉🏻 အလုပ်တာဝန်၊ Training၊ Team၊ Performance နဲ့ Career Growth လို အလုပ်နဲ့ဆိုင်တဲ့ မေးခွန်းတွေကို သင့်တော်တဲ့အချိန်မှာ မေးတာ ပို Professional ဖြစ်ပါတယ်။

📌 ဒါပေမယ့် Salary, Working Hours, Rest Days, Leave, Allowances နဲ့ Employment Terms တွေက အလုပ်လက်ခံမလက်ခံ ဆုံးဖြတ်ဖို့ အရေးကြီးတဲ့အချက်တွေဖြစ်တဲ့အတွက် Offer / Contract မတိုင်ခင် သေချာမေးမြန်းပြီး နားလည်ထားဖို့တော့ လိုပါတယ်။

💡 မှတ်ထားပါ…

❌ Interview ဆိုတာ အလုပ်ရှင်က ကိုယ့်ကိုပဲ မေးခွန်းမေးတဲ့နေရာ မဟုတ်ပါဘူး။

ကိုယ်ကလည်း…

✔️ ဒီအလုပ်က ငါ့အတွက် သင့်တော်ရဲ့လား ဆိုတာကို သိအောင် မေးမြန်းနိုင်တဲ့ အခွင့်အရေးပါ။

ဒါကြောင့် Interview အဆုံးမှာ…

❌ “ဘာမှမရှိပါဘူး” လို့ အမြဲမဖြေဘဲ
✅ အလုပ်နဲ့သက်ဆိုင်တဲ့ မေးခွန်း ၁–၂ ခုကို ကြိုတင်စဉ်းစားထားပါ။

✨ မေးခွန်းကောင်းကောင်းမေးတတ်တာဟာ အလုပ်ကို စိတ်ဝင်စားကြောင်းပြသရုံသာမက ကိုယ့်ရဲ့ Professionalism ကိုပါ ဖော်ပြနိုင်ပါတယ်။

Interview မှာ “မေးစရာမရှိဘူး” မဖြစ်အောင် မေးစရာမေးခွန်းကောင်းတွေကို ကြိုတင်ပြင်ဆင်ထားပါ။ 💪

📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။

AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416
, +65 8899 0447 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More