Resign တင်တိုင်း လစာတိုးပေးပြီး ဆက်ထိန်းထားသင့်သလား။

Resign တင်တိုင်း လစာတိုးပေးပြီး ဆက်ထိန်းထားသင့်သလား။
“လစာတိုးပေးမယ်။ မထွက်ပါနဲ့ဦး…”
ဝန်ထမ်းတစ်ယောက် နှုတ်ထွက်စာတင်လာတဲ့အခါ လုပ်ငန်းရှင်နဲ့ HR တွေအနေနဲ့ ဒီစကားကို ပြောသင့်မပြောသင့် စဉ်းစားရတတ်ပါတယ်။
ကျွန်တော့်အမြင်ကတော့ လူတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်၊ ထွက်ချင်တဲ့အကြောင်းရင်းနဲ့ လုပ်ငန်းအခြေအနေကို ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။
တကယ်အလုပ်ကောင်းကောင်းလုပ်တယ်။ တာဝန်ယူမှုရှိတယ်။ သူ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကို အစားထိုးဖို့လည်း ခက်တယ်။ လက်ရှိလစာကလည်း သူ့တာဝန်နဲ့ ဈေးကွက်နှုန်းအရ နည်းနေတယ်ဆိုရင် ညှိနှိုင်းဖို့ ထိုက်တန်ပါတယ်။
လူသစ်တစ်ယောက်ရှာဖို့၊ သင်ပေးဖို့နဲ့ အလုပ်အသားကျလာဖို့ အချိန်နဲ့ ကုန်ကျစရိတ်တွေ ရှိပါတယ်။ အဲဒီအချက်တွေပါ ထည့်တွက်ပြီး လစာညှိပေးတာက နှစ်ဖက်လုံးအတွက် အကျိုးရှိနိုင်ပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခု ရှိပါတယ်။ ⚠️
Resign တင်တဲ့သူတိုင်းကို လစာတိုးပေးနေရင်…
“ဒီကုမ္ပဏီမှာ လစာတိုးချင်ရင် နှုတ်ထွက်စာအရင်တင်ရမယ်” ဆိုတဲ့ အယူအဆ ဖြစ်လာနိုင်ပါတယ်။
အလုပ်ကို တာဝန်ကျေကျေလုပ်ပြီး ဆက်နေတဲ့ဝန်ထမ်းတွေကလည်း “ငါတို့ရဲ့ ကြိုးစားမှုကိုတော့ မမြင်ဘူးလား” လို့ ခံစားလာနိုင်ပါတယ်။
ဒါကြောင့် လစာတိုးပေးမယ်လို့ မပြောခင် ဒီအချက်တွေကို အရင်ဆန်းစစ်စေချင်ပါတယ်။ 👇
၁။ သူထွက်ချင်တာ လစာကြောင့်ပဲလား။ အလုပ်ဖိအား၊ အထက်လူကြီးနဲ့ ဆက်ဆံရေး၊ တိုးတက်ခွင့် စတဲ့အကြောင်းရင်းတွေ ရှိသေးလား။
၂။ သူ့စွမ်းဆောင်ရည်နဲ့ တာဝန်ယူမှုအရ လစာပြန်ညှိပေးဖို့ သင့်တော်သလား။
၃။ လက်ရှိလစာက တူညီတဲ့တာဝန်ရှိသူတွေနဲ့ ဈေးကွက်နှုန်းအပေါ် မူတည်ပြီး မျှတမှုရှိသလား။
၄။ တိုးပေးမယ့်ပမာဏကို လုပ်ငန်းက ရေရှည်ပေးနိုင်သလား။ ကျန်တဲ့ဝန်ထမ်းတွေအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ။
၅။ လစာညှိပေးပြီးရင် သူထွက်ချင်တဲ့ မူလအကြောင်းရင်းက တကယ်ပြေလည်သွားမလား။
👉🏻 အလုပ်ထွက်ချင်ရတဲ့ အကြောင်းရင်းက လစာအပြင် တခြားပြဿနာတွေပါ ရှိနေရင် အဲဒါတွေကိုပါ ဖြေရှင်းဖို့ လိုပါတယ်။ လစာတိုးပေးရုံနဲ့ ရေရှည်ဆက်နေမယ်လို့ အာမခံလို့မရပါဘူး။
✔️ ညှိနှိုင်းပြီး ဆက်နေဖို့ သဘောတူရင်လည်း လစာ၊ တာဝန်နဲ့ ပြောင်းလဲပေးမယ့်အချက်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသင့်ပါတယ်။
💡 ဝန်ထမ်းကောင်းတွေကို ရေရှည်ထိန်းထားချင်ရင် သူတို့ရဲ့လစာ၊ စွမ်းဆောင်ရည်နဲ့ တိုးတက်ခွင့်ကို ပုံမှန်ပြန်သုံးသပ်ပေးဖို့ လိုပါတယ်။
✨ “ဒီမှာ ဆက်လုပ်ရတာ တန်ဖိုးရှိတယ်” လို့ ဝန်ထမ်းတွေ ခံစားရအောင် တည်ဆောက်ပေးနိုင်ဖို့က အရေးကြီးပါတယ်။
⚡မိတ်ဆွေတို့ရော ဘယ်လိုမြင်ပါသလဲ။
Resign တင်ပြီးမှ လစာတိုးပေးမယ်ဆိုရင် ဆက်နေချင်သေးလား? 💬
Alex Aung
[www.alexcg.agency](https://www.alexcg.agency)
📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416, +65 8899 0447 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
