|

စင်ကာပူမှာ အလုပ်လုပ်ရင်း ဝင်ငွေထက် အသုံးစရိတ်များနေပြီဆိုရင် ဘာတွေပြောင်းလဲသင့်လဲ။

စင်ကာပူမှာ အလုပ်လုပ်ရင်း ဝင်ငွေထက် အသုံးစရိတ်များနေပြီဆိုရင် ဘာတွေပြောင်းလဲသင့်လဲ။

🇸🇬 စင်ကာပူမှာ အလုပ်ကြိုးစားပြီး လစာရနေပေမယ့် လကုန်တဲ့အခါ ငွေစုဖို့မပြောနဲ့ လက်ထဲမှာတောင် ငွေမကျန်တော့ဘူးဆိုရင် ကိုယ့်ရဲ့အသုံးစရိတ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါပြီ။

💡 ငွေစုနိုင်ဖို့ဆိုတာ ဝင်ငွေများဖို့တစ်ခုတည်း မဟုတ်ပါဘူး။ ရှိတဲ့ဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့လည်း အရေးကြီးပါတယ်။

👉🏻 ဒါဆို အသုံးစရိတ်တွေကို လျှော့ချပြီး ငွေစုနိုင်ဖို့ ဘာတွေပြောင်းလဲသင့်လဲ။

1️⃣ နေ့စဉ်အသုံးစရိတ်တွေကို မှတ်တမ်းတင်ပါ။

✔️ တစ်နေ့တာအတွင်း ဘယ်လောက်သုံးမိလဲဆိုတာ မသိရင် ငွေဘယ်နေရာမှာ ကုန်သွားမှန်း သိနိုင်မှာမဟုတ်ပါဘူး။
✔️ အစားအသောက်၊ သွားလာစရိတ်နဲ့ အခြားအသုံးစရိတ်တွေကို နေ့စဉ်မှတ်သားထားပါ။

2️⃣ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချပါ။

✔️ မကြာခဏ အပြင်မှာစားတာ၊ မလိုအပ်ဘဲ Online Shopping လုပ်တာ၊ Promotion တွေ့တိုင်း ဝယ်ယူတာမျိုးတွေကို သတိထားပါ။
✔️ ဈေးလျှော့ထားလို့ ဝယ်တာထက် တကယ်လိုအပ်လို့ ဝယ်တာမျိုး ဖြစ်သင့်ပါတယ်။

3️⃣ လစာရတာနဲ့ ငွေစုဖို့ အရင်ဖယ်ထားပါ။

❌ လကုန်မှ ပိုတဲ့ငွေကို စုမယ်ဆိုရင် ငွေစုဖို့ ခက်ခဲနိုင်ပါတယ်။
✔️ လစာရတဲ့အချိန်မှာပဲ ကိုယ့်ဝင်ငွေနဲ့ ကိုက်ညီတဲ့ ပမာဏတစ်ခုကို အရင်ဆုံးစုထားပါ။
✔️ ပမာဏနည်းနည်းကနေ စတင်တာလည်း အဆင်ပြေပါတယ်။

4️⃣ အပြင်မှာစားသောက်တာထက် ကိုယ်တိုင်ပြင်ဆင်စားသောက်ပါ။

✔️ နေ့စဉ်အပြင်မှာပဲ ဝယ်စားနေမယ်ဆိုရင် တစ်လတာအတွက် စားသောက်စရိတ်က များလာနိုင်ပါတယ် ဖြစ်နိုင်တဲ့အခါ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းက အသုံးစရိတ်ကို လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။

5️⃣ ကိုယ့်ဝင်ငွေနဲ့ ကိုက်ညီတဲ့ နေထိုင်မှုပုံစံကို ရွေးချယ်ပါ။

✔️ သူများသုံးနိုင်တိုင်း ကိုယ်လည်း လိုက်သုံးစရာမလိုပါဘူး။ ကိုယ့်ရဲ့လစာ၊ မိသားစုတာဝန်နဲ့ လစဉ်ပေးဆောင်ရမယ့် စရိတ်တွေကို ချိန်ဆပြီး နေထိုင်ပါ။

6️⃣ အရေးပေါ်အသုံးစရိတ်အတွက် ကြိုတင်စုဆောင်းပါ။

✔️ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ငွေလိုအပ်လာနိုင်ပါတယ်။
✔️ ဒါကြောင့် အရေးပေါ်အသုံးစရိတ်အတွက် သီးသန့်ငွေစုထားဖို့ လိုအပ်ပါတယ်။

⚡ သတိရပါ…

❌ စင်ကာပူမှာ အလုပ်လုပ်တာဟာ လစာရဖို့တစ်ခုတည်း မဟုတ်ပါဘူး။

✨ ကိုယ့်ရဲ့အနာဂတ်အတွက် ငွေကြေးအခြေခံကောင်းတစ်ခု တည်ဆောက်နိုင်ဖို့လည်း ဖြစ်ပါတယ်။

💰 ဒီနေ့ကစပြီး ကိုယ့်ရဲ့အသုံးစရိတ်တွေကို ပြန်လည်စစ်ဆေးကြည့်ပါ။

💥 ငွေစုတဲ့အလေ့အကျင့်ကောင်းလေးတစ်ခုကို စတင်လိုက်ပါ။

💪 ငွေရှာတတ်ဖို့အပြင် ငွေကို စီမံခန့်ခွဲတတ်ဖို့လည်း အရေးကြီးပါတယ်။

📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။

AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416
, +65 8899 0447 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More