📌 Interview မတိုင်ခင် တစ်ရက်အလိုမှာ ဘာတွေပြင်ဆင်ထားသင့်လဲ?

📌 Interview မတိုင်ခင် တစ်ရက်အလိုမှာ ဘာတွေပြင်ဆင်ထားသင့်လဲ?
⚡ Interview နေ့ရောက်မှ အလျင်အမြန် ပြင်ဆင်တာထက်…
👉🏻 တစ်ရက်အလိုကတည်းက သေချာပြင်ဆင်ထားရင် Interview ဝင်တဲ့အချိန်မှာ Confidence ပိုရှိနိုင်ပါတယ်။
ဒါဆို Interview မတိုင်ခင် တစ်ရက်အလိုမှာ ဘာတွေပြင်ဆင်ထားသင့်လဲ? 👇
၁။ CV ကို ပြန်ဖတ်ပါ။
📄 ကိုယ့် CV ထဲမှာ ဘာတွေ ရေးထားလဲဆိုတာ သေချာပြန်ဖတ်ပါ။
အထူးသဖြင့်…
✅ အရင်လုပ်ခဲ့တဲ့အလုပ်တွေ
✅ လုပ်ငန်းအတွေ့အကြုံ
✅ ကျွမ်းကျင်မှု (Skills)
✅ Certificate / Licence စတာတွေကို ပြန်ကြည့်ထားပါ။
Interview မှာ ကိုယ့် CV ထဲက အချက်တွေကို မေးနိုင်တာကြောင့် CV ထဲမှာရေးထားတာကို ကိုယ်တိုင်သေချာသိထားဖို့ အရေးကြီးပါတယ်။
၂။ လျှောက်ထားတဲ့ Job ကို သေချာနားလည်ထားပါ။
🔎 ကိုယ်လျှောက်ထားတဲ့ Position က ဘာတာဝန်တွေ လုပ်ရမလဲ?
ဒါပေမယ့်…
✔️ အလုပ်ရှင်က ဘယ်လို Skill တွေ လိုချင်လဲ?
✔️ ကိုယ့်အတွေ့အကြုံက ဒီအလုပ်နဲ့ ဘယ်လိုကိုက်ညီလဲ?
✔️ Job Description ကို ပြန်ဖတ်ထားပါ။
👉🏻 Interview မှာ “ဒီအလုပ်ကို ဘာကြောင့် လျှောက်တာလဲ?” လို့ မေးလာရင် ပိုကောင်းကောင်း ဖြေနိုင်ပါလိမ့်မယ်။
၃။ Interview မေးခွန်းတွေ ကြိုတင်လေ့ကျင့်ပါ။
🗣️ အောက်ပါမေးခွန်းတွေကို အနည်းဆုံး ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။
“Tell me about yourself.”
“What is your previous work experience?”
“Why do you want this job?”
“What are your strengths?”
အဖြေကို စာအလွတ်ကျက်ထားတာထက်…
✔️ ကိုယ့်အကြောင်းကို သဘာဝကျကျ ပြောနိုင်အောင် လေ့ကျင့်ထားတာ ပိုကောင်းပါတယ်။
၄။ ဝတ်ဆင်မယ့်အဝတ်အစားကို ကြိုပြင်ထားပါ။
✨ Interview မနက်မှ ဘာဝတ်ရမလဲဆိုပြီး အချိန်မကုန်စေဖို့…
👕 သပ်ရပ်တဲ့အဝတ်အစား
👞 သန့်ရှင်းတဲ့ဖိနပ်
💇 သပ်ရပ်တဲ့ဆံပင် စတာတွေကို တစ်ရက်အလိုကတည်းက ပြင်ဆင်ထားပါ။
✔️ ပထမဆုံး Impression ကလည်း အရေးကြီးပါတယ်။
၅။ Interview နေရာနဲ့ လမ်းကြောင်းကို စစ်ထားပါ။
Interview ဘယ်မှာလဲ?
ဘယ်လိုသွားရမလဲ?
MRT / Bus ဘယ်လိုစီးရမလဲ?
ဘယ်လောက်ကြာနိုင်လဲ?
စတာတွေကို ကြိုတင်စစ်ထားပါ။
👉 ဖြစ်နိုင်ရင် အချိန်ပိုစောပြီး ရောက်နိုင်အောင် စီစဉ်ထားပါ။
📍 Interview နေ့မှာ လမ်းပျောက်တာ၊ နောက်ကျတာတွေကြောင့် Stress မဖြစ်အောင် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါ။
၆။ ဖုန်းကို စစ်ဆေးထားပါ။
✔️ Interview အချိန်၊ နေရာနဲ့ Contact Person ရဲ့ အချက်အလက်တွေကို Screenshot သိမ်းထားပါ။
📱 ဖုန်း Battery ကိုလည်း အားပြည့်အောင် အားသွင်းထားပါ။
📌 Interview မဝင်ခင်မှာတော့ ဖုန်းကို Silent Mode ထားဖို့ မမေ့ပါနဲ့။
၇။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ထားပါ။
လိုအပ်ပါက…
📄 CV Copy
📄 Certificate
📄 Licence
📄 Passport / Identification Document
စတဲ့ လိုအပ်နိုင်တဲ့ စာရွက်စာတမ်းတွေကို တစ်ရက်အလိုကတည်းက အဆင်သင့်ထည့်ထားပါ။
၈။ ညအိပ်ချိန်ကို မလျှော့ပါနဲ့။
Interview မတိုင်ခင်ညမှာ…
❌ တစ်ညလုံး မအိပ်ဘဲ လေ့ကျင့်နေခြင်း
❌ အချိန်အရမ်းနောက်ကျမှ အိပ်ခြင်းတွေကို ရှောင်ပါ။
😴 စောစောအိပ်ပြီး ကောင်းကောင်းအနားယူပါ။
💡 မနက်ဖြန် Interview မှာ စိတ်ကြည်လင်ပြီး အာရုံစူးစိုက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
✨ Interview အောင်မြင်ဖို့ဆိုတာ Interview ခန်းထဲရောက်မှ စတင်တာမဟုတ်ပါဘူး။
👉🏻 Interview မတိုင်ခင် တစ်ရက်အလိုကတည်းက စတင်ပါတယ်။
✔️ ကိုယ်တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားပါ။
နောက်တစ်နေ့မှာတော့…
Confidence ရှိရှိ၊ စိတ်အေးအေးနဲ့ ကိုယ့်အရည်အချင်းကို အကောင်းဆုံးပြသလိုက်ပါ။ 💪
📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416, +65 8899 0447 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
