|

လုပ်ဖော်ကိုင်ဖက်နဲ့ အမြင်မတူတဲ့အခါ ပြဿနာမကြီးအောင် ဘယ်လို Communication လုပ်မလဲ။

လုပ်ဖော်ကိုင်ဖက်နဲ့ အမြင်မတူတဲ့အခါ ပြဿနာမကြီးအောင် ဘယ်လို Communication လုပ်မလဲ။

👉🏻 အလုပ်ခွင်မှာ လူတိုင်းရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်၊ အလုပ်လုပ်ပုံ မတူကြပါဘူး။

ဒါကြောင့်-

✔️ “ဒီလိုလုပ်ရင် ပိုကောင်းမယ်” “မဟုတ်ဘူး၊ ဒီလိုလုပ်သင့်တယ်” ဆိုပြီး အမြင်မတူတာက သဘာဝပါ။

အရေးကြီးတာက အမြင်မတူတာမဟုတ်ဘဲ အဲဒီအမြင်မတူမှုကို ဘယ်လိုဆက်သွယ်ဖြေရှင်းမလဲ ဆိုတာပါ။ 👇

၁။ အရင်ဆုံး နားထောင်ပါ။

👂 ကိုယ့်အမြင်ကို ချက်ချင်းပြန်ပြောမယ့်အစား သူဘာကြောင့် ဒီလိုစဉ်းစားတာလဲဆိုတာ အရင်နားထောင်ပါ။
🔹 တစ်ခါတလေ ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ခုကြောင့် သူ့ဘက်က အဲဒီလိုအမြင်ရှိနေတာ ဖြစ်နိုင်ပါတယ်။
❌ နားထောင်ခြင်းက သဘောတူခြင်းမဟုတ်ပါဘူး။
✔️ တစ်ဖက်လူရဲ့ အမြင်ကို နားလည်ဖို့ ကြိုးစားခြင်းပါ။

၂။ လူကိုမတိုက်ခိုက်ဘဲ အကြောင်းအရာကို ပြောပါ။

❌ “ဒီလိုစဉ်းစားတာ မမှန်ဘူး”

ဆိုတာထက်

✔️ ဒီနည်းလမ်းမှာ ဒီအချက်လေးအခက်အခဲရှိနိုင်မယ်ထင်ပါတယ်လို့ပြောပါ။
✔️ Person ကို မဝေဖန်ဘဲ Problem ကိုပဲ ဆွေးနွေးတာ က ပြဿနာပိုမကြီးအောင် ကူညီပေးနိုင်ပါတယ်။

၃။ “ငါမှန်တယ်” ဆိုတာထက် “ဘယ်နည်းက ပိုကောင်းမလဲ” ကို အာရုံစိုက်ပါ။

✔️ အလုပ်ခွင်မှာ အမြင်မတူတဲ့အခါ ဘယ်သူနိုင်တယ်၊ ဘယ်သူမှားတယ်ဆိုတာထက် အလုပ်အတွက် ဘယ်နည်းလမ်းက ပိုအကျိုးရှိမလဲ
ဆိုတာကို အာရုံစိုက်တာ ပိုအရေးကြီးပါတယ်။

၄။ အသံအနေအထားကို ထိန်းပါ။


🗣️ စကားလုံးကောင်းကောင်းပြောနေပေမယ့် အသံမာမာ၊ စိတ်တိုတဲ့ Tone ဖြစ်နေရင် တစ်ဖက်လူက တိုက်ခိုက်ခံရသလို ခံစားနိုင်ပါတယ်။

ဒါကြောင့်-

စကားလုံး + Tone + Body Language သုံးခုလုံးကို သတိထားဖို့လိုပါတယ်။

၅။ မသေချာရင် မေးခွန်းနဲ့ ပြန်ဆွေးနွေးပါ။

အမြင်မတူတဲ့အခါ တိုက်ရိုက်ငြင်းခုံတာထက်

“ဒီနည်းလမ်းကို ဒီလိုလုပ်ရင် ဘယ်လိုဖြစ်မလဲ”
“ဒီအချက်ကို ထည့်စဉ်းစားရင် ပိုကောင်းမလား” လို မေးခွန်းနဲ့ ဆွေးနွေးတာက ပိုပြီး Professional ဖြစ်စေပါတယ်။

၆။ သဘောတူညီချက်ရအောင် ကြိုးစားပါ။

❌ အမြင်မတူတာတိုင်းမှာ တစ်ယောက်က အနိုင်ရဖို့ မလိုပါဘူး။
🤝🏻 တချို့အခြေအနေတွေမှာ နှစ်ဖက်စလုံးရဲ့ အမြင်ကောင်းတွေကို ပေါင်းပြီး ဖြေရှင်းချက်တစ်ခု ရှာနိုင်ပါတယ်။

၇။ အလုပ်ပြီးရင် Personal မဖြစ်စေပါနဲ့။

အလုပ်ကိစ္စနဲ့ အမြင်မတူတာကို ကိုယ်ရေးကိုယ်တာအဖြစ် မပြောင်းသင့်ပါဘူး။

“Work disagreement” က “Personal conflict” ဖြစ်သွားတဲ့အချိန်မှာပဲ ပြဿနာက ပိုကြီးလာတတ်ပါတယ်။

💡 အလုပ်ခွင်မှာ လူတိုင်းနဲ့ အမြင်တူဖို့ မလိုပါဘူး။

👉🏻 ဒါပေမယ့် အမြင်မတူတဲ့အခါ လေးစားစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့တော့ လိုပါတယ်။

🔹 အမြင်မတူတာက Teamwork ရဲ့ အဆုံးမဟုတ်ပါဘူး။

⚡ Communication မကောင်းတာကသာ ပြဿနာရဲ့အစ ဖြစ်လာနိုင်ပါတယ်။

🌱 Professional ဖြစ်တဲ့သူဆိုတာ အမြဲမှန်တဲ့သူ မဟုတ်ပါဘူး။

✨ အမြင်မတူတဲ့အခါတောင် အေးအေးဆေးဆေး နားထောင်ပြီး အဖြေရှာနိုင်တဲ့သူပါ။

📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။

AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416
, +65 8899 0447 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More