|

Employer က တူညီတဲ့မေးခွန်းကို ထပ်ခါထပ်ခါ မေးတာ ဘာကြောင့်ဖြစ်နိုင်လဲ။

Employer က တူညီတဲ့မေးခွန်းကို ထပ်ခါထပ်ခါ မေးတာ ဘာကြောင့်ဖြစ်နိုင်လဲ။

👉🏻 Interview မှာ Employer က မေးခွန်းတစ်ခုကို တစ်ကြိမ်မေးပြီး ပြီးသွားတာမဟုတ်ဘဲ ပုံစံနည်းနည်းပြောင်းပြီး ထပ်မေးတာ ကြုံဖူးပါသလား။

တချို့ Job Seeker တွေက…

သူတို့က ငါ့အဖြေကို မကြိုက်လို့လား..
ငါ့အဖြေမှားနေလို့လား.. ဆိုပြီး စိတ်လှုပ်ရှားသွားတတ်ပါတယ်။

တကယ်တော့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ 👇

၁။ သင့်အဖြေက တိတိကျကျ ဖြစ်/မဖြစ် စစ်ဆေးချင်တာ

✔️ တစ်ခါမေးတုန်းက ဖြေထားတာနဲ့ နောက်တစ်ခါ ပြန်မေးတဲ့အခါ အဖြေတူနေသလား၊
✔️ ပိုမိုရှင်းလင်းစွာ ဖြေနိုင်သလားဆိုတာကို ကြည့်နိုင်ပါတယ်။

၂။ သင့်ရဲ့ Honesty ကို စမ်းသပ်ချင်တာ

📄 CV မှာ ရေးထားတာ၊ Interview မှာ ဖြေတာတွေက တစ်ခုနဲ့တစ်ခု ကိုက်ညီမှုရှိမရှိကို စစ်ချင်တာ ဖြစ်နိုင်ပါတယ်။

ဥပမာ —

ဒီအလုပ်မှာ ဘာတာဝန်ယူခဲ့လဲလို့ မေးပြီးနောက် အဲဒီတာဝန်ကို နေ့စဉ် ဘယ်လိုလုပ်ခဲ့လဲ လို့ ထပ်မေးတာမျိုးပါ။

👉 အဓိကက အဖြေကို ပိုမိုအသေးစိတ် သိချင်တာ ဖြစ်နိုင်ပါတယ်။

၃။ Pressure အောက်မှာ ဘယ်လိုဖြေဆိုနိုင်လဲ ကြည့်တာ

မေးခွန်းတစ်ခုကို ထပ်ခါထပ်ခါ မေးတဲ့အခါ..

✔️ Candidate က စိတ်တိုသွားမလား၊ ရှုပ်ထွေးသွားမလား
✔️ ဒါမှမဟုတ် စိတ်အေးအေးနဲ့ Professional ကျကျ ဖြေနိုင်မလားဆိုတာကိုလည်း သတိထားကြည့်နိုင်ပါတယ်။

၄။ သင့်ရဲ့ Communication Skill ကို စစ်ဆေးတာ


🔹 တူညီတဲ့အကြောင်းအရာကို အကြိမ်ကြိမ် ရှင်းပြရတဲ့အခါ ကိုယ့်အတွေးကို ဘယ်လောက် ရှင်းရှင်းလင်းလင်း ပြောနိုင်လဲဆိုတာ ပိုမြင်ရပါတယ်။

၅။ သင့်အဖြေထဲမှာ မရှင်းသေးတဲ့အချက် ရှိနေလို့

✔️ Employer က တစ်ခုခုကို သေချာနားမလည်သေးရင် အဲဒီအချက်ကိုပဲ ထပ်မေးနိုင်ပါတယ်။

ဒါကြောင့် မေးခွန်းထပ်မေးတာကို

“ငါအဖြေမှားသွားပြီ” လို့ ချက်ချင်းမယူဆပါနဲ့။

💡 Interview မှာ သတိထားရမယ့်အချက်

✔️ တူညီတဲ့မေးခွန်းကို ထပ်မေးလာရင် အဖြေကို အရမ်းပြောင်းမပစ်ဘဲ အရင်အဖြေနဲ့ ကိုက်ညီအောင် ပိုမိုရှင်းလင်းပြီး အသေးစိတ်ဖြေပါ။

ဥပမာ—

Employer: “Why did you leave your previous job?”

ပထမတစ်ကြိမ်အဖြေပြီးနောက် ထပ်မေးလာရင်

❌ အဖြေကို အလွန်အကျွံ ပြောင်းပြောခြင်း
❌ မမှန်တာတွေ ထပ်ဖြည့်ခြင်း
❌ စိတ်ရှုပ်ပြီး အဖြေတွေ မကိုက်ညီတော့ခြင်း

အစား…

✅ တည်ငြိမ်စွာ ပြန်ဖြေပါ
✅ အမှန်အတိုင်း ဖြေပါ
✅ လိုအပ်တဲ့ Detail ကို ထပ်ဖြည့်ပါ
✅ CV နဲ့ အဖြေတွေ ကိုက်ညီအောင်ထားပါ

📌 မှတ်ထားပါ — Employer က တူညီတဲ့မေးခွန်းကို ထပ်မေးတာဟာ သင့်ကို ရှုပ်အောင်လုပ်ဖို့ပဲ မဟုတ်ပါဘူး။

တချို့အခါမှာ..

⚡သင့်ရဲ့ Honesty, Consistency, Communication Skill, Confidence နဲ့ Pressure Handling ကို ပိုသိချင်လို့ ဖြစ်နိုင်ပါတယ်။

✨ Interview မှာ မေးခွန်းဘယ်နှကြိမ်မေးမေး ကိုယ့်ရဲ့အဖြေက အမှန်တရားနဲ့ တည်ငြိမ်မှုရှိနေဖို့က အရေးကြီးဆုံးပါ။


📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။

AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416
, +65 8899 0447 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More