|

Interview မှာ အဖြေမသိတဲ့မေးခွန်းတစ်ခု မေးခံရရင် ဘယ်လိုတုံ့ပြန်သင့်လဲ

Interview မှာ အဖြေမသိတဲ့မေးခွန်းတစ်ခု မေးခံရရင် ဘယ်လိုတုံ့ပြန်သင့်လဲ

Interview ဖြေနေရင်း…

ကိုယ်မမျှော်လင့်ထားတဲ့ မေးခွန်းတစ်ခု ရုတ်တရက်မေးလာတယ်။

😰 ဘယ်လိုဖြေရမလဲ..
😰 မဖြေနိုင်ရင် အလုပ်မရတော့ဘူးလား… ဆိုပြီး စိတ်လှုပ်ရှားသွားနိုင်ပါတယ်။

👉🏻 ဒါပေမယ့် အဖြေမသိတဲ့မေးခွန်းတစ်ခုကို မဖြေနိုင်တာတစ်ခုတည်းနဲ့ Interview ကျရှုံးသွားတာ မဟုတ်ပါဘူး။

အရေးကြီးတာက မသိတဲ့အချိန်မှာ ဘယ်လိုတုံ့ပြန်သလဲ ဆိုတာပါ။ 👇

၁။ ချက်ချင်းမလန့်ပါနဲ့

✔️ မေးခွန်းကြားလိုက်တာနဲ့ ချက်ချင်းအဖြေထုတ်ဖို့ မကြိုးစားပါနဲ့။
✔️ ခဏလောက် စဉ်းစားပြီးမှ ဖြေပါ။
✔️ စက္ကန့်အနည်းငယ် စဉ်းစားတာက ပြဿနာမရှိပါဘူး။

👉 Interviewer ကလည်း ကိုယ်က မေးခွန်းကို သေချာစဉ်းစားပြီး ဖြေဖို့ ကြိုးစားနေတယ်ဆိုတာ နားလည်နိုင်ပါတယ်။

၂။ မေးခွန်းကို သေချာမကြားရင် ပြန်မေးပါ

မေးခွန်းကို မကြားလိုက်တာ၊ နားမလည်လိုက်တာဆိုရင်…

“Sorry, could you please repeat the question?”

ဒါမှမဟုတ်

“Could you please explain the question again?” လို့ ယဉ်ယဉ်ကျေးကျေး ပြန်မေးနိုင်ပါတယ်။

❌ မသေချာဘဲ မှားယွင်းတဲ့အဖြေကို ချက်ချင်းပေးတာထက်
✅ မေးခွန်းကို သေချာနားလည်အောင် ပြန်မေးတာက ပိုကောင်းပါတယ်။

၃။ မသိတာကို မသိဘူးလို့ ရိုးရိုးသားသားပြောပါ

တကယ်မသိတဲ့အရာကို…

သိသလို ဟန်ဆောင်ပြီး ဖြေဖို့ မကြိုးစားပါနဲ့။

ဥပမာ—

“I’m not familiar with that yet, but I’m willing to learn.” လို့ ပြောနိုင်ပါတယ်။

မြန်မာလိုဆိုရင်—

👉🏻 ဒီအပိုင်းကိုတော့ လက်ရှိမှာ သိပ်မရင်းနှီးသေးပါဘူး။ ဒါပေမယ့် သင်ယူဖို့ အဆင်သင့်ရှိပါတယ်။

ဆိုတဲ့ပုံစံနဲ့ ပြောနိုင်ပါတယ်။

🌱 မသိသေးတာထက် သင်ယူလိုစိတ်ရှိတာကို ပြသနိုင်ဖို့ အရေးကြီးပါတယ်။

၄။ ကိုယ်သိတဲ့အရာနဲ့ ဆက်စပ်ပြီး ဖြေကြည့်ပါ

မေးခွန်းရဲ့ အဖြေကို အပြည့်အဝ မသိပေမယ့်…

ကိုယ်နားလည်ထားတဲ့ အခြေခံအချက်ရှိရင် အဲဒီကနေ စပြီး ဖြေကြည့်နိုင်ပါတယ်။

ဥပမာ—

“I haven’t handled this task directly, but I have experience with similar tasks…”

ဆိုပြီး ကိုယ့်မှာရှိတဲ့ သက်ဆိုင်ရာ Experience ကို ပြန်ချိတ်ဆက်ပြောနိုင်ပါတယ်။

👉 ဒီလိုဖြေခြင်းက “မသိဘူး” ဆိုပြီး အဖြေကို ရပ်လိုက်တာထက် ကိုယ့်ရဲ့ Experience နဲ့ Learning Ability ကို ပိုပြသနိုင်ပါတယ်။

၅။ Body Language ကို မပျက်စေနဲ့

အဖြေမသိတဲ့အချိန်မှာ…

❌ မျက်နှာပျက်သွားတာ
❌ ခေါင်းငုံ့သွားတာ
❌ အလွန်အမင်း ထိတ်လန့်သွားတာ တွေကို ရှောင်ပါ။

🙂 စိတ်အေးအေးထားပါ။
👀 သဘာဝကျကျ Eye Contact ထားပါ။
🗣️ အသံကို တည်တည်ငြိမ်ငြိမ်ထားပြီး ဖြေပါ။

👉🏻 Confidence ရှိတယ်ဆိုတာ အရာအားလုံးကို သိထားတာ မဟုတ်ပါဘူး။

✔️ မသိတဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကို ထိန်းနိုင်တာကလည်း Confidence တစ်မျိုးပါ။

💡 မှတ်ထားသင့်တဲ့ အချက်

Interview ဆိုတာ မေးခွန်းတိုင်းကို မှန်မှန်ဖြေနိုင်ရမယ့် စာမေးပွဲတစ်ခု မဟုတ်ပါဘူး။

အလုပ်ရှင်က ကိုယ့်ရဲ့…

Knowledge + Experience + Communication + Attitude + Willingness to Learn

တွေကိုလည်း ကြည့်နိုင်ပါတယ်။

ဒါကြောင့် မသိတဲ့မေးခွန်းတစ်ခု မေးခံရရင်…

မလန့်ပါနဲ့။
မဟန်ဆောင်ပါနဲ့။
မလိမ်ပါနဲ့။
ရိုးရိုးသားသားနဲ့ Professional ကျကျ တုံ့ပြန်ပါ။ 💪

✨ အဖြေတစ်ခု မသိသေးတာက သင်ယူလို့မရဘူးလို့ မဆိုလိုပါဘူး။

အလုပ်ရှင်ကို ပြသရမယ့်အရာက…

“I may not know everything, but I am willing to learn and improve.” ဆိုတဲ့ စိတ်ထားပါ။


📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။

AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416
, +65 8899 0447 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More