Experience ရှိပေမယ့် Interview မခေါ်တဲ့အခါ ဘာကြောင့်ဖြစ်နိုင်လဲ

Experience ရှိပေမယ့် Interview မခေါ်တဲ့အခါ ဘာကြောင့်ဖြစ်နိုင်လဲ
“အလုပ်အတွေ့အကြုံလည်း ရှိတယ်။
ကိုယ်လျှောက်တဲ့ Position နဲ့လည်း ကိုက်တယ်။
ဒါပေမယ့် CV ပို့ပြီးတာနဲ့ ဘာသတင်းမှ မကြားရဘူး…”
ဒီလိုအခြေအနေမျိုး ကြုံနေရတယ်ဆိုရင်
Experience မလုံလောက်လို့ပဲလို့ မယူဆလိုက်ပါနဲ့။
တစ်ခါတလေ Problem က Experience မှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို CV ထဲမှာ ဘယ်လိုပြထားလဲ ဆိုတာမှာ ဖြစ်နိုင်ပါတယ်။
1️⃣ CV က ကိုယ့် Experience ကို မပြောပြနိုင်တာ
“3 years experience” ဆိုတာထက်
အဲ့ဒီ 3 နှစ်အတွင်း ဘာတွေလုပ်ခဲ့လဲ၊ ဘာ Result တွေရခဲ့လဲ ဆိုတာက Recruiter အတွက် ပိုအရေးကြီးပါတယ်။
ဥပမာ—❌ “Responsible for social media management.” ထက်
✅ “Managed social media content and increased monthly engagement by 35%.” လိုမျိုး လုပ်ခဲ့တာ + ရလဒ် ကို ပြနိုင်ရင် ကိုယ့် Experience က ပိုတန်ဖိုးရှိလာပါတယ်။
2️⃣ Job Description နဲ့ CV မကိုက်တာ
Experience ရှိတယ်ဆိုပေမယ့်
လျှောက်တဲ့ Job ရဲ့ Required Skills / Keywords တွေကို CV မှာ မတွေ့ရင် Recruiter က ကိုယ့် CV ကို ကျော်သွားနိုင်ပါတယ်။
ကိုယ်လုပ်ဖူးတာတွေ အကုန်ထည့်တာထက်
ကိုယ်လျှောက်မယ့် Position နဲ့ သက်ဆိုင်တာတွေကို ထင်ရှားအောင် ပြဖို့ လိုပါတယ်။
3️⃣ CV Format က ဖတ်ရခက်နေတာ
Experience ကောင်းကောင်းရှိပေမယ့်
CV က စာတွေများလွန်းတာ၊ Information တွေ ရှုပ်နေတာ၊ Important Points တွေ မပေါ်လွင်တာဆိုရင်—
Recruiter အနေနဲ့ ကိုယ့်ရဲ့ အားသာချက်ကို ရှာဖွေဖို့ အချိန်မပေးနိုင်ပါဘူး။
“Good Experience” တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
“Easy to Understand” ဖြစ်ဖို့လည်း လိုပါတယ်။
4️⃣ Position Level နဲ့ Salary Expectation မကိုက်တာ
တစ်ခါတလေ ကိုယ့် Experience က Job Requirement ထက် အရမ်းမြင့်နေတာ၊ ဒါမှမဟုတ် Salary Expectation နဲ့ Company Budget မကိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်လျှောက်တဲ့ Position ရဲ့
Level + Responsibility + Salary Range တွေကိုလည်း သေချာကြည့်ဖို့လိုပါတယ်။
5️⃣ Company က ကိုယ့် Profile နဲ့ မကိုက်တာ
Interview မခေါ်တာတိုင်း
“ငါ မတော်လို့” လို့ မယူဆပါနဲ့။
တစ်ခါတလေ Company ရဲ့ Requirement ပြောင်းသွားတာ၊ Internal Candidate ရှိပြီးသားဖြစ်တာ၊ Hiring Plan ပြောင်းသွားတာလိုမျိုး ကိုယ့်ဘက်က ထိန်းချုပ်လို့မရတဲ့ အကြောင်းအရာတွေ လည်း ရှိနိုင်ပါတယ်။
အရေးကြီးဆုံးက—
Experience ရှိတာက အားသာချက် တစ်ခုပါ။
ဒါပေမယ့် Recruiter က ကိုယ့် CV ကိုကြည့်တဲ့အချိန်မှာ
👉 “ဒီလူက ဘာတွေလုပ်ဖူးလဲ?”
👉 “ဒီ Position နဲ့ ဘယ်လောက်ကိုက်ညီလဲ?”
👉 “Company အတွက် ဘာ Value ပေးနိုင်လဲ?” ဆိုတာတွေကို မြန်မြန်နားလည်နိုင်အောင် ပြထားနိုင်ဖို့ ပိုအရေးကြီးပါတယ်။
Interview မခေါ်သေးတာ = ကိုယ်မတော်တာ မဟုတ်ပါဘူး။
တစ်ခါတလေ ကိုယ့်အတွေ့အကြုံကို ကိုယ့်တန်ဖိုးပေါ်လွင်အောင် မပြထားနိုင်သေးတာ ဖြစ်နိုင်ပါတယ်။ 💼
CV က ကိုယ့်အစား ပထမဆုံး Interview အတွက် ပြောပေးတဲ့သူ ဖြစ်တာကြောင့်
Experience ရှိရုံနဲ့မပြီးဘဲ Experience ကို ဘယ်လို Present လုပ်မလဲ ဆိုတာကိုလည်း အာရုံစိုက်ကြည့်ပါ။
နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416, +65 8899 0447 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
