စင်ကာပူ ကော်ဖီဆိုင်မှာ ကိုယ်ကြိုက်တဲ့အရသာရအောင် ဘယ်လိုမှာကြမလဲ။

စင်ကာပူ ကော်ဖီဆိုင်မှာ ကိုယ်ကြိုက်တဲ့အရသာရအောင် ဘယ်လိုမှာကြမလဲ။
“ကော်ဖီတစ်ခွက် မှာတာပဲ… နာမည်တွေက များလိုက်တာ” လို့ စင်ကာပူရောက်ခါစမှာ တွေးဖူးကြမယ်ထင်ပါတယ်။
တချို့က နို့မပါဘဲ သောက်ချင်တယ်။ တချို့က အချိုလျှော့ချင်တယ်။ တချို့ကျတော့ ကော်ဖီပြင်းပြင်းလေးမှ ကြိုက်တယ်။
ကိုယ်လိုချင်တဲ့ပုံစံကို မှာတတ်ဖို့ စင်ကာပူ Kopitiam နဲ့ Hawker Centre တွေမှာ မှာလို့ရတဲ့ ကော်ဖီ၊ လက်ဖက်ရည် အမျိုးအစား (၂၀) ကို အသံထွက်နဲ့ ပါဝင်ပစ္စည်းတွေ တွဲပြီး မျှဝေပေးလိုက်ပါတယ်။
☕ ကော်ဖီကြိုက်သူတွေအတွက်
၁။ Kopi (ကိုပီ)
✔️ နို့ဆီနဲ့ ဖျော်ထားတဲ့ ကော်ဖီပူပါ။ ချိုချိုဆိမ့်ဆိမ့် သောက်ချင်သူတွေအတွက် ဖြစ်ပါတယ်။
၂။ Kopi Peng (ကိုပီ ပင်း)
✔️ နို့ဆီပါတဲ့ ကော်ဖီအေးပါ။ စင်ကာပူမှာ ရေခဲပါတဲ့အအေးကို မှာချင်ရင် “Peng” ဆိုတဲ့ စကားလုံးကို အသုံးများပါတယ်။
၃။ Kopi O (ကိုပီ အို)
✔️ နို့မပါဘဲ သကြားထည့်ထားတဲ့ ကော်ဖီမည်းပူပါ။ O ဆိုတာ နို့မပါတာပါ။ သကြားမပါတာလို့ မယူဆပါနဲ့နော်။
၄။ Kopi O Kosong (ကိုပီ အို ကိုဆုန်း)
✔️ နို့မပါ၊ သကြားထပ်မထည့်ထားတဲ့ ကော်ဖီမည်းပူပါ။ ကော်ဖီခါးခါး သောက်ချင်သူတွေအတွက် ဖြစ်ပါတယ်။
၅။ Kopi O Peng (ကိုပီ အို ပင်း)
✔️ နို့မပါဘဲ သကြားနဲ့ ရေခဲထည့်ထားတဲ့ ကော်ဖီမည်းအေးပါ။
၆။ Kopi C (ကိုပီ စီ)
✔️ နို့ဆီအစား နို့စိမ်း (Evaporated Milk) နဲ့ သကြားထည့်ဖျော်ထားတဲ့ ကော်ဖီပူပါ။ နို့စိမ်းသုံးထားပေမယ့် အချိုအလိုအလျောက် နည်းသွားတာတော့ မဟုတ်ပါဘူး။
၇။ Kopi C Peng (ကိုပီ စီ ပင်း)
✔️ နို့စိမ်း၊ သကြားနဲ့ ရေခဲပါတဲ့ ကော်ဖီအေးပါ။
၈။ Kopi C Kosong (ကိုပီ စီ ကိုဆုန်း)
✔️ နို့စိမ်းပါပြီး သကြားထပ်မထည့်ထားတဲ့ ကော်ဖီပူပါ။ နို့အရသာလေးပါချင်ပေမယ့် သကြားမထည့်ချင်သူတွေ ဒီလိုမှာနိုင်ပါတယ်။
၉။ Kopi Gao (ကိုပီ ကော)
✔️ ပုံမှန်ထက် ကော်ဖီပိုပြင်းအောင် ဖျော်ထားတာပါ။ “Kopi Gao” လို့ပဲမှာရင် ပုံမှန်အားဖြင့် နို့ဆီပါပါတယ်။ နို့မပါချင်ရင် “Kopi O Gao” လို့ မှာပါ။
၁၀။ Kopi Poh (ကိုပီ ပေါ့)
✔️ ကော်ဖီကို ပုံမှန်ထက် ပိုကျဲပြီး အရသာပျော့အောင် ဖျော်ထားတာပါ။ နို့ဆီပါပြီး ကော်ဖီအရမ်းပြင်းတာ မကြိုက်သူတွေ မှာနိုင်ပါတယ်။
🍵 လက်ဖက်ရည်ကြိုက်သူတွေအတွက်
၁၁။ Teh (တေး)
✔️ နို့ဆီနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ပူပါ။
၁၂။ Teh Peng (တေး ပင်း)
✔️ နို့ဆီနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်အေးပါ။
၁၃။ Teh O (တေး အို)
✔️ နို့မပါဘဲ သကြားထည့်ထားတဲ့ လက်ဖက်ရည်ပူပါ။
၁၄။ Teh O Kosong (တေး အို ကိုဆုန်း)
✔️ နို့မပါ၊ သကြားထပ်မထည့်ထားတဲ့ လက်ဖက်ရည်ကြမ်းပူပါ။
၁၅။ Teh O Peng (တေး အို ပင်း)
နို့မပါဘဲ သကြားနဲ့ ရေခဲထည့်ထားတဲ့ လက်ဖက်ရည်အေးပါ။
၁၆။ Teh C (တေး စီ)
✔️ နို့ဆီအစား နို့စိမ်းနဲ့ သကြားသုံးထားတဲ့ လက်ဖက်ရည်ပူပါ။
၁၇။ Teh C Peng (တေး စီ ပင်း)
✔️ နို့စိမ်း၊ သကြားနဲ့ ရေခဲပါတဲ့ လက်ဖက်ရည်အေးပါ။ Peng ဆိုတာ ရေခဲပါတာကို ဆိုလိုပြီး သုံးလွှာလက်ဖက်ရည်ကို ဆိုလိုတာ မဟုတ်ပါဘူး။
၁၈။ Teh C Kosong (တေး စီ ကိုဆုန်း)
✔️ နို့စိမ်းပါပြီး သကြားထပ်မထည့်ထားတဲ့ လက်ဖက်ရည်ပူပါ။
၁၉။ Teh Siew Dai (တေး စီယူး ဒိုင်)
✔️ ပုံမှန်ထက် နို့ဆီ၊ အချို လျှော့ဖျော်ထားတဲ့ လက်ဖက်ရည်ပူပါ။ အချိုလျှော့ထားပေမယ့် အချိုတော့ ရှိနေပါသေးတယ်။
၂၀။ Teh C Siew Dai (တေး စီ စီယူး ဒိုင်)
✔️ နို့စိမ်းနဲ့ ဖျော်ပြီး သကြားလျှော့ထည့်ထားတဲ့ လက်ဖက်ရည်ပူပါ။ အအေးသောက်ချင်ရင် နောက်မှာ “Peng” ထည့်မှာလိုက်ရုံပါပဲ။
🗣️ ဆိုင်မှာမှာတဲ့အခါ ဒီစကားလုံးလေးတွေ မှတ်ထားပါ
✅ Peng (ပင်း) 👉 ရေခဲပါတဲ့ အအေး
✅ O (အို) 👉 နို့မပါ
✅ C (စီ) 👉 နို့ဆီအစား နို့စိမ်းသုံး
✅ Kosong (ကိုဆုန်း) 👉 သကြားထပ်မထည့်
✅ Siew Dai (စီယူး ဒိုင်) 👉 အချိုလျှော့
✅ Gah Dai (ဂါ ဒိုင်) 👉 အချိုပို
✅ Gao (ကော) 👉 ပိုပြင်း
✅ Poh (ပေါ့) 👉 ပိုပျော့၊ ပိုကျဲ
✅ Dabao (တာပေါင်) 👉 ပါဆယ်ယူမယ်
💬 လက်တွေ့မှာကြည့်မယ်ဆိုရင်…
“Uncle, Kopi C Siew Dai Peng, Dabao.”
ဆိုတာက နို့စိမ်းပါတဲ့ ကော်ဖီအေးကို အချိုလျှော့ပြီး ပါဆယ်ယူမယ် လို့ ပြောတာပါ။ 😊
📌 အသံထွက်တွေကို မြန်မာလို အနီးစပ်ဆုံး ရေးထားတာပါ။ ဆိုင်အလိုက် ဖျော်ပုံနဲ့ အချိုအဆိမ့် အနည်းငယ်ကွာနိုင်ပါတယ်။
စင်ကာပူရောက်ခါစ မိတ်ဆွေတွေ ဆိုင်မှာမှာတဲ့အခါ အဆင်ပြေအောင် ဒီပို့စ်လေးကို Save ထားပြီး မျှဝေပေးလိုက်ပါဦး။
📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.agency တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
AACG အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆက်သွယ်ရန်။
WhatsApp / Viber +65 8989 8416, +65 8899 0447 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
